ဧပြီလအတွင်း နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းရရှိသူ အကျဉ်းသား ၁၆ဝဝဝ ကျော်ရှိလာ

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ဧပြီလအတွင်း လွတ်မြောက်ခဲ့သည့် အကျဉ်းသားဦးရေမှာ ၁၆ဝဝဝ ကျော် (၁၆၄၉၉) ထိရှိလာပြီး တတိယအကြိမ်အဖြစ် ထပ်မံလွှတ်ပေးရန် အစီအစဉ်လည်း ရှိနေသည်။

နိုင်ငံတော်သမ္မတက ဧပြီလ ၂၆ ရက်နေ့တွင် အကျဉ်းသား ဦးရေ ၆၉၄၈ ဦးကို ဒုတိယအကြိမ်အဖြစ် လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်အဖြစ် ဧပြီလ ၁၇ ရက်နေ့က အကျဉ်းသားဦးရေ ၉၅၅၁ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည်။

ဧပြီလ ၂၆ ရက်နေ့ ထွက်ရှိလာသည့် လွတ်ငြိမ်းသက်သာခွင့် အမိန့်စာတွင် “လွှတ်သင့်လွှတ်ထိုက်သူများ ကိုလည်း စနစ်တကျ စိစစ်လျက်ရှိပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်လက်ပေးသွားမည်ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)