ဧရာဝတီ၊ ဧပြီ ၂၉ ၊ ၂၀၁၉

လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပြည်ပရောက် မြန်မာမိသားစုတွေက ဂုဏ်ပြုချီးမြှင့်တဲ့ ၁၀ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို အစိုးရအဖွဲ့အစည်းဖြစ်တဲ့ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီက ရရှိခဲ့ပါတယ်။

ဆုပေးပွဲအခမ်းအနားကို မတ်လ ၂၈ရက် နေ့လည်ပိုင်းအချိန်က မန္တလေးမြို့ရှိ Mandalay Convention Center မှာ ကျင်းပခဲ့တာဖြစ်ပြီး ပြည်သူ့ ဂုဏ်ရည်ဆုကို မန်းစည်ပင်ကရှိခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အထူးဆု လေးဆုကို ဆရာမ ဒေါ်အိအိငြိမ်း ၊ Clean Yangon Campaign အဖွဲ့ ၊ မဆွတ်ဆိုင်းထွယ် နဲ့ ဒုရဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမိုးရန်နိုင်တို့က ရရှိခဲ့ကြတာဖြစ်ပါတယ်။

ရိုက်ကူး - ဇော်ဇော်

တည်းဖြတ် - ဝေယံမိုးမြင့်