ဧရာဝတီ၊ ဧပြီ ၂၉ ၊ ၂၀၁၉

ငပလီကမ်းခြေရှိ သဲသောင်တွေအပေါ် ကျူးကျော်ပြီး ဆောက်လုပ်ထားတဲ့ ဟိုတယ် ၉ လုံးအနက် Aureum Palace ဟိုတယ် တခုတည်းကိုသာ တရားစွဲဆိုပြီး ကျန်ဟိုတယ် ၈ လုံးကိုလည်း တရားဥပဒေနှင့်အညီ တရားစွဲဆိုဖို့ ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။
အဆိုကို လွှတ်တော်မှာဆွေးနွေးဖို့ ကန့်ကွက်သူ မရှိတဲ့အတွက် ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်

တည်းဖြတ် - ဝေယံမိုးမြင့်