အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရန် တောင်းဆို

မေ ၁ ရက်နေ့မှာကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ အလုပ်သမားအခွင့်အရေးများ အပြည့်အ၀ရရှိဖို့ ကြွေးကြော်သံများဖြင့်တောင်းဆိုချီတက်ကြစဉ်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

အဆိုပါချီတက်ပွဲတွင် အလုပ်သမားဥပဒေများ ရေးစွဲသည့်အခါတွင် အလုပ်သမားများ၏ အသံများ ပါဝင်စေရန်၊ အဓိကတောင်းဆိုခဲ့ကြပြီး လုပ်ခလစာကို တစ်နှစ်တစ်ကြိမ်ပြင်ဆင်ပေးရန်၊ အစိုးရအနေနဲ့ ILO ပြဌာန်းချက် အမှတ် ၉၈ ကို လက်မှတ်ရေးထိုးပေးရန် ၊ အလုပ်သမားတရားရုံးများ အမြန်ဆုံးပေါ်ပေါက်စေရန်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်နည်းဥပဒေကို အမြန်ပြန်လည်ပြင်ဆင်ရန်နှင့် သမဂ္ဂအဖွဲ့ဖြိုခွင်းမှုများကို ထိရောက်စွာအရေးယူပေးရန်တောင်းဆိုခဲ့ကြသည်။

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ