Surprise Me!

M-SYM CUP U-14 အမှတ်ပေးပြိုင်ပွဲ သတင်းစာရှင်းလင်း

2019-05-01 2 Dailymotion

M-SYM CUP U-14 အမှတ်ပေးပြိုင်ပွဲ သတင်းစာရှင်းလင်း

မြန်မာ့ဘောလုံးလောက တိုးတက်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သော မျိုးဆက်သစ်များပေါ်ထွန်းလာရန် ရည်ရွယ်၍ မန္တလေးမြို့ တွင် M-SYM CUP U-14 အမှတ်ပေးပြိုင်ပွဲအား စတင်ကျင်းပသွားမည့် ပွဲအစီစဉ်များကို မီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းခြင်းကို မေလ ၁ ရက် ၊နံနက်ပိုင်းက မန္တလေးမြို့၊ဘူတာကြီး အပေါ်ထပ်ရှိ မာဘယ်(လ်)ဟိုတယ်တွင် ပြုလုပ်စဉ်။
ရိုက်ကူး- ဘိုဘို မဇ္ဈိမ
M-SYM CUP U-14 အမှတ်ပေးပြိုင်ပွဲအား မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးများက ဦးဆောင်ကာ လျှာရင်းမြက်စားသောက်ကုန်လုပ်ငန်းနှင့် Min Pharmacy တို့မှ ပံ့ပိုးကူညီပေးခြင်းဖြစ်ကာ ပါရမီရှင် ဘောလုံး မျိုးဆက်များ ပေါ်ထွက်လာစေပြီး လူငယ်ရွက်ပုန်းသီးများကို ဖော်ထုတ်ရွေးချယ်သွားမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲကြီးကို မဟာအောင်မြေအားကစားကွင်းတွင် မေလ ၄ ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ညနေပိုင်း၌ တစ်ရက် နှစ်ပွဲနှုန်း ပြုလုပ်ပေးသွားမည်ဖြစ်ကာ လာရောက်ကြမည့်ပရိသတ်များကို ဝင်ခွင့်အခမဲ့ဖြင့် ကြည့်ရှုခွင့်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပွဲမှ သိရှိရသည်။
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Buy Now on CodeCanyon