" ကျွန်တော်က တံထွေးနဲ့ ထွီထွီဆိုပြီးထွေးနေတာလေ။ အခုက ဆရာတော်တစ်ပါးက ဘုရားအဖြစ်တောင် ကိုးကွယ်ရမယ်ဆိုတော့ ကျွန်တော်က တံထွေးနဲ့ ထွေးခဲ့တာတွေကိုလန့်ပြီးတော့ မြေကြီးကို နင်းရမှာတောင်ကြောက်နေတာ"
ဒါရိုက်တာ မင်းထင်ကိုကိုကြီး

တပ်မတော်ဘက်မှ ပုဒ်မ ၂ ခုဖြင့်တရားစွဲထားသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား မေလ ၉ ရက်၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးတွင် ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားခွင်မှအထွက်တွင် မင်းထင်ကိုကိုကြီးက ထိုသို့ ပြောဆိုခဲ့သည်။

လူသိများထင်ရှားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) ဖြင့် အင်းစိန်မြို့မရဲစခန်းတွင်တရားစွဲခဲ့ပြီး အင်းစိန်မြို့နယ်တရားရုံးတွင်လည်း ပုဒ်မ- ၅ဝ၅(က)ဖြင့် ဦးတိုက်လျှောက် တရားစွဲဆိုထားခြင်းဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်သည်ဟုဆိုကာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်ဘက်မှ အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ