MNA လေယာဉ်မှူးနဲ့အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူးဂုဏ်ပြု

#MizzimaTV

လေယာဉ်ရှေ့ဘီးမကျတဲ့အတွက် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ဖြစ်စဉ်မှာ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့ မောင်းနှင်ပေးခဲ့တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းက လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နဲ့ လေယာဉ်အဖွဲ့သား စုစုပေါင်း ၇ဦးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဒီဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၁၆ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူကတစ်ဆင့် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

ရိုက်ကူး - မင်းမင်း(မဇ္ဈိမ)
တည်းဖြတ် - ရဲနိုင်(လောက်ကိုင်)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ