Surprise Me!

"တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ"စာတန်းပါအင်္ကျီများ ၀တ်ဆင်ကာ လှုပ်ရှားမှုပြုလုပ်

2019-05-17 5 Dailymotion

"တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ"စာတန်းပါအင်္ကျီများ ၀တ်ဆင်ကာ လှုပ်ရှားမှုပြုလုပ်

အရပ်ဖက်အဖွဲ့အစည်း ၂၀ ခန့် ပူးပေါင်းပြီး "တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ"စာတန်းပါအင်္ကျီများ ၀တ်ဆင်ကာ လှုပ်ရှားမှုတစ်ရပ်ကို မေ ၁၇ ရက်နေ့၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်တရားရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

" ဒီလိုမတရားမှုတွေရှိနေတယ်ဆိုတာကို ကမ်းပိန်းလေးတွေကတဆင့် လူထုကို အသိပညာပေးသွားမယ်။ နောက်ဆုံးကြရင်တော့ အင်အားကြီးမားတဲ့ လူထုဆန္ဒပြပွဲကြီးတစ်ခုတော့ ပေါ်လာဖို့ ရှိပါတယ်"ဟု လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်လှုပ်ရှားမှု"အသံ"အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခ က ပြောသည်။

မေလ ၁၇ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံး၌ တပ်မတော်မှ တရားစွဲထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Buy Now on CodeCanyon