Surprise Me!

ငြိမ်းချမ်းရေးဆွေးနွေးရမယ့်သူတွေ ကိုယ်တိုင် အမှုရင်ဆိုင်နေရဟု ဆို

2019-05-20 7 Dailymotion

ငြိမ်းချမ်းရေးဆွေးနွေးရမယ့်သူတွေ ကိုယ်တိုင် အမှုရင်ဆိုင်နေရဟု ဆို

ငြိမ်းချမ်းရေးဆွေးနွေးမယ့်သူတွေကိုယ်တိုင် အမှုရင်ဆိုင်နေရတဲ့အတွက် လောလောဆယ်မှာ နာဂဒေသ အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့်သူ မရှိဘူးလို့ မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုရင်ဆိုင်နေရတဲ့ NSCN(K) သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်က မဇ္ဈိမကို ပြောပါတယ်။

မေလ ၂၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၊ မြို့နယ်တရားရုံးမှာ ၇ ကြိမ်မြောက် ရုံးချိန်းအပြီး အပြန်မှာ မဇ္ဈိမကိုပြောကြားခဲ့ဖြစ်ပါတယ်။

အာသံ/ကသည်း သောင်းကျန်းသူအဖွဲ့တွေနဲ့ စစ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ပြီး မဟာမိတ်အဖြစ် ဆက်သွယ်တာတွေ ပြုလုပ်မှုကြောင့် တပ်မတော်ကနေ NSCN(K) ခေါင်းဆောင်ပိုင်း ၅ ဦးအပြင် NSCN(K) ၆ ဦး စုစုပေါင်း ၁၁ ဦးကို တရားစွဲဆိုထားပါတယ်။

ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊မဇ္ဈိမ

Buy Now on CodeCanyon