၈၈ ငြိမ်း/ပွင့်မှ ဒေါ်နီလာသိန်းကို ရဲက ခေါ်ယူစစ်ဆေးနေ

တပ်မတော်ကနေ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကျောင်းသားတွေကို မေ ၂၀ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အဲ့ဒီလို ရုံးထုတ်ချိန်မှာ မိသားစုဝင်တွေ ၊ ဝန်းရံသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗိုလ်တထောင်မြို့မရဲစခန်းက ၈၈ ငြိမ်း/ပွင့်မှ ဒေါ်နီလာသိန်းကို ၅၁ လမ်းနေ အိမ်ကနေ မေ၂၁ ရက်နေ့၊ ညပိုင်းမှာ ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွင် ပါဝင်သူများအားလုံးကို ရဲက ခေါ်ယူစစ်ဆေးရန် ဆင့်ခေါ်ထားသည်ဟု ကြားသိရပြီး လတ်တလောတွင် အရေအတွက် အတိအကျ မသိရသေးပေ။
သတင်းရိုက်ကူး/တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)