ဧရာဝတီ၊ မေ ၂၃၊ ၂၀၁၉

NLD အစိုးရရဲ့ တတိယ ၁ နှစ်တာ ကာလ ဖြစ်တဲ့ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့အထိ နိုင်ငံ ဝန်ထမ်းပေါင်း ၂၃၀၀ ကျော် အရေးယူခံရပြီး ရာထူး ထုတ်ပယ်ခံရသူ ၁၆၃၈ ဦး၊ ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခံရသူ ၇၃၉ ဦး ရှိတယ်လို့ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ကနေ သိရပါတယ်။

အရေးယူခံတဲ့ ကိစ္စကတော့ ခွင့်မဲ့ပျက်ကွက်တာ အများဆုံး ဖြစ်ပြီး ဝန်ထမ်း စည်းကမ်းဖောက်ဖျက်မှု၊ အလွဲသုံးစားမှု၊ လာဘ်ပေး လာဘ်ယူ၊ တာဝန်ပျက်ကွက်မှု၊ အကျင့်စာရိတ္တ ပျက်ပြားမှု၊ တရားဥပဒေဆိုင် ပြစ်မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး - ထက်နိုင်ဇော်