Surprise Me!

ရွှေမြိုင်သီရိဈေး အသစ်မဆောက်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ ဒုတိယအကြိမ် ကန့်ကွက်စာပို့ (ရုပ်/သံ)

2019-05-28 1 Dailymotion

ဧရာဝတီ၊ မေ ၂၈၊ ၂၀၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေမြိုင်သီရိဈေးကို အသစ်တည်ဆောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး သဘောမတူကြောင်း ကန့်ကွက်စာကို မေ ၂၇ ရက်နေ့မှာ ဈေးသူ၊ ဈေးသား ၁၃၁ ဦးတို့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ ဒုတိယအကြိမ် လာရောက်ပေးပို့ခဲ့ပါတယ်။

ဈေးအသစ် မတည်ဆောက်ရန် ပထမအကြိမ် ကန့်ကွက်စာကို ဈေးသူ၊ ဈေးသားများက မေ ၃ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ထားပြီးနောက် မေ၂၃ ရက်နေ့မှာ ရွှေမြိုင်သီရိရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဈေးသူ၊ ဈေးသားများ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဥာဏ်စိုးဝင်း

Buy Now on CodeCanyon