ဦးဝီရသူက တပ်မတော်ကို ဘုရားလိုကိုးကွယ်ခိုင်းခြင်းမဟုတ်ဘဲ ဥပမာပေးခိုင်းနှိုင်းခဲ့ခြင်းဖြစ် ဟုဆို

မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ ဟောပြောမှုတွင် "တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များကို ဘုရား လိုကိုးကွယ်"ဟု ဟောပြောခဲ့ခြင်းမှာ ဘုရားလိုကိုးကွယ်ခိုင်းခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစွန့်လုပ်ဆောင်နေသူများ ဖြစ်သည့်အတွက် ဘုရားကဲ့သို့ ကိုးကွယ်သင့်သည်ဟု ဥပမာပေး ခိုင်းနှုန်းဟောပြောခဲ့ခြင်းသာဖြစ်ကြောင်း ဦးဝီရသူအား ၀န်းရံသည့် မျိုးချစ်သမဂ္ဂ(ရန်ကုန်)မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အရှင်တေဇ၀ံသက မိန့်သည်။

မေလ ၃၀ ရက်နေ့၊ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတွင် ဦးဝီရသူအား ၀န်းရံသည့် သံဃာများနှင့် လူများက အောင် မြေနင်းပြီး ဦးဝီရသူအား ဆုတောင်းမေတ္တာပို့သခဲ့ပြီးနောက် မီဒီယာများမေးမြန်းမှုကို အရှင်တေဇ၀ံသက ထိုသို့ မိန့်ခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57365
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ