Surprise Me!

နှစ်ပေါင်း ၁၃၅ နှစ် သက်တမ်းရှိ မိုးမိတ်မြို့က တရားစီရင်ရေး ဟော် (ရုပ်/သံ)

2019-06-17 11 Dailymotion

ဧရာဝတီ၊ ဇွန် ၁၇၊ ၂၀၁၉

မြို့တည် သက်တမ်း ၂၅၀၀ ကျော်ရှိပြီဖြစ်သည့် မိုးမိတ်မြို့တွင် ၁၃၅နှစ် သက်တမ်းရှိပြီဖြစ်တဲ့ တရားစီရင်ရေး ဌာန (ဟော်)ကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။

တရားစီရင်ရေးဟော်ကို ခွန်မင်းဆက်လက်ထက် စော်ဘွားစပ်ခွန်မုံက ၁၂၄၅ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး မိုးမိတ်မြို့ကို စီမံအုပ်ချုပ်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုးမိတ်မြို့မှာ မင်းဆက် ၅ ဆက် အုပ်ချုပ်ခဲ့ပြီး သူတို့နေထိုင်ရာ ဟော်နန်းဟာ ၁၃၀၆ ခုနှစ် ဒုတိယ ကမ္ဘာစစ်မှာ ဗုံးဒဏ်သင့်ပြီး ပျက်ဆီးခဲ့ပါတယ်။

အဲ့ဒီတရားစီရင်ရေးဟော်ကို ရှေးဟောင်းအမွေအနှစ်တခုအဖြစ် ထိန်းသိမ်းဖို့ မိုးမိတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နဲ့ ဒေသခံတွေက လုပ်ဆောင်နေပါတယ်။

ရိုက်ကူး - ဒီလှိုင်းဝင်း

တည်းဖြတ် - ဝေယံမိုးမြင့်

Buy Now on CodeCanyon