ရာဝတီ ၊ ဇွန် ၂၁ ၊ ၂၀၁၉

မေလ ၁၅ ရက် နံနက်ပိုင်းက အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ကဖြိုခွင်းစဉ် ဖမ်းဆီးခံခဲ့ရသော Channel Mandalay ရုပ်သံသတင်းထောက် နန္ဒ(ခ)အောင်ကြည်မြင့် ကိုဇွန်လ ၂၁ရက်နေ့က ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ၄ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

သတင်းထောက် နန္ဒ(ခ)အောင်ကြည်မြင့်ကို ပုဒ်မ ၁၄၇၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၃၃၂၊ ပုဒ်မ ၃၃၃၊ ပုဒ်မ ၁၁၄ စသည့် ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လာမည့်ရုံးချိန်းကို ဇွန်လ၂၇ရက်နေ့သို့ ချိန်းဆိုထားကြောင်းသိရသည်။Channel Mandalay သတင်းထောက် နှင့်အတူ အောင်သပြေကျေးရွာနေ ၉တန်းကျောင်းသား မောင်တူးဝေယံကိုလည်း ပူးတွဲရုံးထုတ် စစ်ဆေးခဲ့သည်။

ရိုက်ကူး - ဇော်ဇော်

တည်းဖြတ် - ကျန်ကျောင်း