Surprise Me!

အိန္ဒိယအရှေ့မြောက်ပြည်နယ်က ကျေးလက်ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေပွဲ

2019-06-25 3 Dailymotion

အိန္ဒိယအရှေ့မြောက်ပြည်နယ်က ကျေးလက်ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေပွဲ

အိန္ဒိယအရှေ့မြောက်ပြည်နယ်က ကျေးလက်ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေပွဲကို ဇွန် လ ၂၆ ရက်နေ့ ညမှာ အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်မှာ ပြုလုပ်သွားမှာပါ။
ဇွန်လ ၂၄ ရက်နေ့က မဏိပူရ်ပြည်နယ် အင်ဖာမြို့က ECO Lodge မှာ ဂီတပညာရှင်တွေက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့တာပါ။

အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေထဲက အရုန်နတြာပရာဒစ်ရှ်၊ မီဇိုလမ်၊ နာဂလန်း၊ မဏိပူရ်ပြည်နယ်တွေဟာ မြန်မာနဲ့ နယ်ချင်းထိစပ်နေတာပါ။

ဒီပြည်နယ်တွေက ဒေသခံမျိုးနွယ်လူမျိုးစုတွေနဲ့ မြန်မာနိုင်ငံ အနောက်မြောက်က ဒေသခမျိုးနွယ်လူမျိုးစုတွေ အကြား ယဉ်ကျေးမှုတွေဟာ နီးကပ်မှု ရှိခဲ့ပါတယ်။
အခု ဖျော်ဖြေမယ့် အနုပညာရှင်တွေဟာ ဂီတနယ်ပယ်မှာ ကိုယ်ပိုင်ဟန် ရှိနေတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ ဂီတာဟာ သူတို့လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ကိုယ်စားပြုနေပါတယ်။

ဒီဂီတ ဖျော်ဖြေပွဲမှာ နာဂမျိုးနွယ်စု အဆိုတော် ဂရုရူဘင်မရှန်းဘား ၊ အဟုန်-တိုင် မျိုးနွယ်စု အဆိုတော် ဒေါက်တာ ပရာဆာနာ၊ အာသံပြည်နယ်က အော်တာနေးတစ်အဆိုတော် ဖူနီတိကထှာ တို့အပါဝင် အနုပညာရှင်တွေ ဖျော်ဖြေမှာဖြစ်ပါတယ်။
အဲ့ဒီပွဲမှာ ဖျော်ဖြေသီဆို တီးမှုတ်တာကို Mizzima TV မှာ ပြန်လည်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

ရိုက်ကူး - ဇေယျာမော်
တည်းဖြတ် - ဝင်းလှိုင်
တင်ဆက် - ဘုန်းနိုင်ဖြို

Buy Now on CodeCanyon