Surprise Me!

အမှိုက်တွေထဲက ရန်ကုန်

2019-07-02 3 Dailymotion

အမှိုက်တွေထဲက ရန်ကုန်

အမှိုက်စွန့်ပစ်မှုဆိုတာက လူတိုင်း နေ့စဉ်လုပ်ဆောင်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နားလည်လွယ်သလို လုပ်ဆောင်မှုလွယ်တဲ့ အရာဖြစ်ပေမယ့် လူအများစုရဲ့ အသိစိတ်မှာတော့ စနစ်တကျ အမှိုက်စွန့်ပစ်ဖို့ အတွက်က အမှုမဲ့ အမှတ်မဲ့ပါပဲ။
မြန်မာနိုင်ငံရဲ့စီးပွာရေးမြို့တော် ဖြစ်ပြီး လူဦးရေ ၆ သန်းကျော် ရှိနေတဲ့ ရန်ကုန်လိုမြို့မှာ တစ်ရက်တစ်ရက်ကို အမှိုက်တန်ချိန် ၂၃၀၀ ကနေ ၂၅၀၀ အတွင်း ထွက်နေပြီး ဒီထဲမှာ မီးဖိုချောင်သုံး အမှိုက်က အများဆုံးပါ။
ဒါ့အပြင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ ပိုများလာတာကြောင့် ရေမြောင်းအမှိုက်ပိတ်ဆို့မှုတွေက ရန်ကုန်မြို့ တွင်း နေရာအနှံ့မှာ ဖြစ်ပေါ်လာပါတယ်။ ဒီအခြေအနေတွေကို စည်ပင်သာယာရေး ၀န်ထမ်းတွေကတော့ ခက်ခက်ခဲခဲနဲ့ပဲ ရှင်းလင်းမှုတွေ လုပ်ဆောင်နေရပါတယ်။
သတင်း/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Buy Now on CodeCanyon