Surprise Me!

မြောက်ဦးမြို့နယ် ဖမ်းဆီးခံထားရသူတဦး ထပ်မံသေဆုံး (ရုပ်/သံ)

2019-07-03 2 Dailymotion

ဧရာဝတီ၊ ဇူလိုင် ၃၊ ၂၀၁၉

ရခိုင်ပြည်နယ် ၊မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာအနီးက ရွာသား ၈ ဦးကို တပ်မတော်က သံသယဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ရာကနေ အသက် ၂၈နှစ်အရွယ် ကိုဇော်ဝင်းလှိုင်ဟာ စစ်တွေ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုကို ခံယူနေရင်း ဇူလိုင် ၁ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

သံသယနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဇော်ဝင်းလှိုင် အပါအဝင် ရွာသား ၈ ဦးကို တပ်မတော် စစ်ကြောင်းက AA တပ်ဖွဲ့ဝင်များ အဖြစ် သံသယနဲ့ ဇွန်လ ၂၁ ရက်နေ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇွန်လ ၂၄ရက်နေ့မှာ ကျောက်တော် မြို့မ ရဲစခန်းကို လွှဲပးခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်

တည်းဖြတ် - ဝေယံမိုးမြင့်

Buy Now on CodeCanyon