လိင်အကြမ်းဖက်ခံရပါက ကာကွယ်ပေးမဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်

“ အင်တာနက်တွေမှာတွေ့ရတဲ့အတိုင်း သက်ငယ်မုဒိမ်းတွေ တအားများနေတယ်။ အခုခေတ်က Facebook ကို လူတိုင်းသုံးနေတယ်။ Facebook က ညစ်ညမ်းVideo တွေ ကြည့်လာတယ်။ ကြည့်တဲ့အချိန် ယောင်္ကျားလေးတစ်ယောက်ဟာ သူရဲ့ဟော်မုန်းက အမြဲတမ်းရှိတော့ လိင်စိတ်ဖြစ်လာတယ်။ အဲဒီစိတ်ကို ဖြေဖျောက်ဖို့အတွက် တစ်နည်းနည်းနဲ့ အသုံးပြုလာတယ်။

သူ့ရဲ့သားကောင်က ကလေးလည်း ဖြစ်နိင်တယ်။ ရွယ်တူလည်းဖြစ်နိင်တယ်။ အသက်ကြီးတဲ့အမျိုးသမီးလည်း ဖြစ်နိင်တယ်၊ မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို လိင်စိတ်ရှိနေလား ဖြစ်နေလား မခန့်မှန်းတတ်တဲ့အတွက် အမျိုးသမီးများ အနေဖြင့် တစိမ်းယောင်္ကျားလေးတိုင်းကို လွတ်လွတ်လပ်လပ်နဲ့ မယုံကြည်ဖို့၊ အမြဲတမ်းသံသယထားဖို့ လိုအပ်ကြောင်း၊ လိင်အကြမ်းဖက်ခံရပါက ကာကွယ်ပေးမဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။

လူမှုရေးရာ ဝန်ထမ်းဌာန ဖုန်းနံပါတ် ၀၆၃၂၀၂၈၇၁၈ နဲ့ ကျွန်မတို့အသင်း ဖုန်းနံပါတ် ၀၉ ၄၂၆၄၄၄၄၇၂ကို ဆက်သွယ် အကူညီတောင်းပါ၊ လိင်အကြမ်းဖက်ခံရပါက အချို့အရာတွေမှာ မျိုသိပ်မထားဘဲ အကြမ်းဖက်ခံရရင် အကြမ်းဖက်ခံရတဲ့အတိုင်း ကျွန်မတို့ ဖုန်းနံပါတ်တွေ ချိတ်ဆက်ပြီး အကူအညီ တောင်းပြီးတော့ ရဲရဲဝံဝံ တိုက်ပွဲဝင်နိင်ရန် လိုအပ်ပါတယ်” ဟု မြန်မာနိင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း မကွေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါက်တာဖြူဖြူထွန်းက ပြောသည်။

ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီး ၂၀၁၉ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဒေသခံသတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး-တင်ရွှေ(မဇ္ဈိမ)