မူပိုင်ခွင့်ချိုးဖောက်မှုအတွက် ကြားခံဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများလိုဟု စာပေအနုပညာရှင်များဆို

မူပိုင်ခွင့်ချိုးဖောက်မှုအတွက် အရေးယူမှုတွေကို ကြားထဲက တာဝန်ယူဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေလိုတယ်လို့ စာပေနဲ့ အနုပညာရှင်တွေက ပြောပါတယ်။

အခုလို ဒီဂျစ်တယ်ခေတ်မှာ အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ စာပေနဲ့ အနုပညာမူပိုင်ခွင့် ချိုးဖောက်ခံရမှုတွေ အများဆုံးဖြစ်နေပြီး အဲ့လိုများစွာသော မူပိုင်ခွင့်ချိုးမှုတွေအပေါ် စာပေအနုပညာရှင်တွေ ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းလိုနေတာဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး /တည်းဖြတ် - ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ