တပ်မတော်နှင့် ရက္ခိုင့်တပ်(AA)တို့ တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် ချင်းတိုင်းရင်းသားများ ဆန္ဒပြ တောင်းဆို

ရခိုင်ပြည်နယ်မြောက်ပိုင်းတွေမှာသာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာပါ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်(AA) တို့အကြားက တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့အတွက် ချင်းတိုင်းရင်းသားများက စုပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီလို ဆန္ဒပြတောင်းဆိုမှုကို ဇူလိုင်လ ၁၃ ရက်၊ မနက် ၁၀ နာရီစတင်ပြီး ရန်ကုန်ဘူတာကြီးရှေ့ကနေ မဟာဗန္ဓုလပန်းခြံရှေ့က ကားပါကင်နေရာထိ ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)