Surprise Me!

သိမ်းဆည်းမြေယာ ပြန်ပေးရေးကိစ္စ မြေစစ်အဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဦးဆန်းဆင့်

2019-07-25 1 Dailymotion

သိမ်းဆည်းမြေယာ ပြန်ပေးရေးကိစ္စ မြေစစ်အဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဦးဆန်းဆင့်

“ဆုံးဖြတ်ချက်တွေမှားယွင်းတဲ့ ၊မူလလယ်ပိုင်ရှင်လက်ထဲမရောက်ဘူး၊လက်သင့်ရာစားတော်ခေါ် သီးစားချထားတဲ့သူတွေ၊မူလလက်ငုပ်မဟုတ်ဘဲ၊လက်ရှိလက်ငုပ်တွေကိုပြန်ပေးတာတွေ၊လျော်ကြေးပေးရမယ်ဆိုတဲ့ဟာမှာလည်း မှန်မှန်ကန်ကန်ရိုးရိုးသားသားနဲ့ မဟုတ်ဘဲညှိနှိုင်းဈေးတွေနဲ့ လုပ်တဲ့ ဥပဒေ နဲ့ မညီတဲ့ဟာတွေဖြစ်နေတယ်၊တချို့ဟာတွေ ဘယ်လိုမှလုပ်မရရင် အချိန်ဆွဲနေတယ်၊ မူလပိုင်ရှင်လက်ထဲပြန်ပေးရမှာကို မပေးဘဲ အမှုကိုကြန့် ကြာအောင်လုပ်နေတယ်”ဟု မြေစစ်အမှုများနှင့်ပတ်သက်ပြီး ပန်းတနော်မြို့နယ်တွင် မြေယာသိမ်းဆည်းခံရသူများ တောင်သူများ၊ကပ်ပါးရေလုပ်သားများ၏ သတင်းစာရှင်းလင်းပွဲတွင် ယခင်ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်းနှင့် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်က မီဒီယာများသို့ ပြောသည်။

“မြေစစ်အဖွဲ့ တွေအဆင့်ဆင့်ဖွဲ့ ပြီး စိစစ်နေတယ်၊သို့ သော်လည်း မြေစစ်အဖွဲ့ မှာ ပြန်ကြည့်လိုက်လို့ ရှိရင် တကယ်ကို လယ်သမားတွေအပေါ်ကို စေတနာထားပြီး ပေးမယ်ဆိုတဲ့ ဆန္ဒတွေရှိတဲ့သူတွေရှိသလို အကြော င်းအမျိုးမျိုးကြောင့် ဆွဲနေတာတွေရှိတယ်၊မြေစစ်အဖွဲ့ မှာ ဘယ်သူတွေပါနေလည်းဆိုရင် ယခင်တုန်းက မြေစာရင်းတာဝန်တွေယူ မြေစာရင်းနဲ့ စာရင်းဌာနမှာ တာဝန်ထမ်းဆောင်တဲ့သူတွေ ပြန်ပါနေတယ်၊ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့ အစည်းမှာပါနေတဲ့ သူတွေက မြေသိမ်းစဉ်ကပါနေတဲ့ သူအချိုက ဒီမှာပါနေတာတွေ့ ရတယ်၊ညောင်မြစ်တူးရင် ပုပ်သင်ဥပေါ်လာလေမလားစိုးရိမ်းစိတ်တွေရှိတယ် “ ဟု ဦးဆန်းဆင့်က ထပ်မံ ပြောသည်။

ရိုက်ကူး / တည်းဖြတ် - စည်သူမောင်မောင်

Buy Now on CodeCanyon