အကယ်ဒမီ ဒါရိုက်တာသြရသနှင့်တွေ့ဆုံခြင်း အပိုင်း ၁

“ဟုတ်ပြီ။ မင်းတို့မဖြစ်နိုင်ဘူးဆိုတာကို ငါတစ်နေ့လုပ်ပြမယ်။ အဲဒီယုံကြည်ချက်က ကျွန်တော့်ကို ခွန်အားအများကြီးဖြစ်စေတယ်။ ဟာ … အေး ဖြစ်နိုင်တာပေါ့ကွာ ချ လုပ်ဆိုရင်တောင်မှ ကျွန်တော်ဒီလောက်ထိ ခွန်အားဖြစ်လာမှာမဟုတ်ဘူး”
မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တဲ့ ဒါရိုက်တာသြရသကတော့ ဒီည ၈နာရီ Mizzima TV Channel ကပြသမယ့် Artist Interview အစီအစဉ်မှာ ဒါရိုက်တာတစ်ယာက်ဖြစ်လာဖို့ သူကြိုးစားခဲ့ရပုံတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပြထားပါတယ်။ အစီအစဉ်အပြည့်အစုံကို ဒီနေ့ည ၈နာရီ Mizzima TV Channel မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
#ArtistInterview
#MizzimaTV