Wisdom Hill အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ တာဝန်ယူမှု တာဝန်ခံမှု အတွက် သမ္မတနှင့် အတိုင်ပင်ခံသတိပေးထား

“မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိတဲ့လူတွေ အနေနဲ့ ဒီအမှုနဲ့ပတ်သက်ရင် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀ရှိဖို့ လိုတယ်ဆိုတာသတိပေးထားပါတယ်” ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
သြဂုတ်လ (၂)ရက်နေ့ကနေပြည်တော်ရှိသမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး/တည်းဖြတ် အောင်မြတ်သူ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59326