ဧရာဝတီတိုင်း လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဟာင်း အမှုအား ပြည်ထောင်စုဥပဒေချုပ်က ပြန်လည်အကြောင်းကြားလာဟုဆို

“ရဲတပ်ဖွဲ့ က ပြည်ထောင်စုဥပဒေချုပ်ဆီကနေ အကြံဥာဏ်ပေါ့၊ဥပဒေအကြံပေးတောင်းတယ် ဒါတော့ ပြန်ရောက်ပြီ ရဲတပ်ဖွဲ့ ကနေ တိုင်းအစိုးရအဖွဲ့ ကိုပို့ တယ်၊တိုင်းအစိုးရကနေ ကျွန်တော်တို့ ဆီဒါရိုက် မလာဘူး၊ရဲတပ်ဖွဲ့ လိုအပ်နေတယ် စာရင်းစစ်အစီရင်ခံစာကိုရယူရမယ်၊ကျွန်တော်တို့ ဆီဒါရိုက် ရဲ က အကြောင်းကြားရမယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ကပြောသည်။

ငွေကြေးသုံးစွဲမှုတွင် လုပ်လုပ်ထုံးလုပ်နည်း လွဲချော်မှု ရှိသည်ဟု ဆိုကာ ယခင်ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်အား တိုင်းဒေသကြီးလွှတ်တော်က ပုသိမ်မြို့မ စခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ရိုက်ကူး၊တည်းဖြတ် စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ