ရှစ်လေးလုံးအရေး သတင်းစာရှင်းမယ်လို့ မုံရွာမြို့မှ ကျောင်းသားအချို့ပြော

မုံရွာမြို့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံသမိုင်းနဲ့ ပတ်သက်ပြီး လွဲမှားစွာ ဖော်ပြခံရတဲ့အပေါ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ မုံရွာမြို့မှ ကျောင်းသားအချို့က ဆိုပါတယ်။

သြဂုတ် ၈ ရက်က မုံရွာရွှေစည်းခုံဘုရား ထိုင်တော်မှုရုပ်ပွားတော်ကြီးရှေ့မှာ ကျင်းပပြုလုပ်တဲ့ ၃၁ နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားမှာ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ဦးသန့်ဇင်က မီဒီယာတွေကို ပြောဆိုလိုက်တာပါ။

ရိုက်ကူး/တင်ဆက် -ဘုန်းနိုင်ဖြိုး၊မဇ္ဈိမ