တောင်ပြိုကျမှုကြောင့် ၂၂ ဦး ရုပ်အလောင်း တွေ့ရှိထား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ ကုလားမတောင် ပြိုကြမှုဖြစ်စဉ် ကြောင့် သဲဖြုကုန်းကျေးရွာ အတွင်းရှိ အိမ်ခြေ ၁၆ စုခန့်မှ လူများပိမိခဲ့ပြီး ယနေ့ ညပိုင်းအထိ လူဦး ၂၂ ဦး၏ ရုပ်အလောင်း ရှာဖွေ တွေ့ရှိထားသည်။

၂၈ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်ထားနိုင်ပြီး ထပ်မံပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။

ရိုက်ကူး/တည်းဖြတ်-ထွန်းထွန်းဝင်း/မဇ္ဈိမ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59500