မန္တလေးတွင် တရားခွင်သရုပ်ပြပြိုင်ပွဲ ပြုလုပ်

ဥပဒေကျောင်းသားကျောင်းသူများကို စာတွေ့သာမက လက်တွေ့ပါအနီးစပ်ဆုံးသိရှိစေရန် Mandalay University Law Students' Association - MULSA နှင့် မန္တလေးတက္ကသိုလ်ဥပဒေပညာဌာနတို့ ပူးပေါင်း၍ တရားခွင်သရုပ်ပြပြိုင်ပွဲ နောက်ဆုံးယှဉ်ပြိုင်ခြင်းကို ၂၀၁၉ ခုနှစ်၊သြဂုတ် ၁၂ ရက်က မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်စဉ်။
ရိုက်ကူး ဘိုဘို မဇ္ဈိမ

ယခုပြုလုပ်သောတရားခွင်သရုပ်ပြပြိုင်ပွဲမှာ မန္တလေးတွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတက္ကသိုလ် ဥပဒေကျောင်းသားကျောင်းသူများမှ အသင်း ၁၀ သင်းနှင့် ရတနာပုံတက္ကသိုလ်မှ အသင်း နှစ် သင်း စုစုပေါင်း ၁၂ သင်းက တရားခွင်သရုပ်ပြပြိုင်ပွဲတွင်ပါဝင်ခဲ့ကြသည်။

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ