ပီရူးမှာ ချီမူယဉ်ကျေးမှု အစောပိုင်းက ယဇ်ပူဇော်ခံ ကလေးအရိုးစုပေါင်း ၂၀၀ ကျော်ကို တွေ့ရှိ

ပီရူးနိုင်ငံမှာ ကိုလံဘီယာ ချီမူယဉ်ကျေးမှု အစောပိုင်းကာလက ယဇ်ပူဇော်မှုတွေ လုပ်ဆောင်ခဲ့ကြတဲ့ ရှေးဟောင်းသုတေသန လုပ်ကွက်မြေကို တူးဖော်ရာမှာ ယဇ်ပူဇော်သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးအရိုးစုပေါင်း ၂၂၄ စုကို တူးဖော်တွေ့ရှိကြောင်း ရှေးဟောင်းသုတေသနပညာရှင်တွေက ပြောပါတယ်။

လီမာမြို့တော် မြောက်ဖက်က ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှုများရာ ဟူအန်ချာကို ကမ်းခြေမြို့က ရှေးဟောင်း ယဇ်ပူဇော်ရာ ဧရိယာကို ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ပြီးခဲ့တဲ့ နှစ်ကစပြီး တူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60052
တင်ဆက် - ယမှုံမှူး
#နိုင်ငံတကာသတင်း #InternationalNews #MizzimaNewsInBurmese #မဇ္ဈိမ