မက်ဆီ၊ ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ၂၀၁၈-၁၉ ရာသီ အကောင်းဆုံကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးလ်အသင်း နောက်ခံလူ ဗန်ဒိုက်ဟာ ဘောလုံးလောကမှာ တစ်ဦးချင်းထူးချွန်ဆုတွေကို သိမ်းပိုက်ရယူနေကျဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဒတ်ခ်ျကစားသမား ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက မက်ဒရစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို အနိုင်ရယူခဲ့ပြီး လီဗာပူးလ်အသင်းနဲ့အတူ (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့တဲ့အပြင် အမြင့်ဆုံးစွမ်းဆောင်မှုတွေနဲ့ တောင်ပခဲ့သူလည်းဖြစ်ပါတယ်။
သတင်းအပြည်အစုံ - http://www.mizzimaburmese.com/article/60118
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ