ယူ-၁၈ အသင်းတွင် နေရာတစ်ခုအတွက် ကစားသမားနှစ်ဦး အသုံးပြုနိုင်ရန် ပြင်ဆင်နေဟုဆို

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းအနေဖြင့် ပြည်တွင်း-ပြည်ပ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန် ကစားသည့် နေရာတစ်ခုအတွက် ကစားသမားနှစ်ဦးလုံးကို အသုံးပြုနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာလက်ရွေးစင် ယူ-၁၈ အသင်း၏ နည်းပြချုပ် ဦးစိုးမြတ်မင်း က မဇ္စျိမ သတင်းဌာနကိုပြောသည်။
"One Posငtion မှ Two Player ကို မရလို့မဖြစ်ပါဘူး။ ပြည်တွင်းလိဂ်တွေပြိုင်သလို့ တစ်ပတ်ခြားတို့ သုံးရက်၊ လေးရက်တို့ ပြိုင်ရတာမဟုတ်ပါဘူး။ လက်ရွေးစင်အဆင့်တွေကျတော့ သက်တမ်းအလိုက်ရော အသင်းကြီး ရော တစ်ရက်၊နှစ်ရက်ကြားတွေ ဒီလိုတွေကစားတဲ့ပွဲတွေ က လေးငါးပွဲ ဆက်တိုက်ပါ။ ကျိန်းသေ ပါတယ် One Posငtion မှ Two Player မရှိရင် တော်တော်လေး ဒုက္ခရောက်နိုင်ပါတယ် " ဟု ဦးစိုးမြတ်မင်း က ပြောသည် ။
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60142
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ