ခြေစွမ်းပိုင်းနိမ့်ဆင်းသွားခြင်းမဟုတ်ဘဲ ရလဒ်ပိုင်းသာ ဆိုးရွာနေတာဖြစ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှား ပြော

မန်ချက်စတာယူနိုက်တက်အသင်းဟာ စိန့်မေရီကွင်းမှာ ဆောက်သမ်တန်ကို (၁-၁)ဂိုးနဲ့ သရေကျပြီးနောက် နည်းပြဆိုးလ်ရှားက ခြေစွမ်းပိုင်းနိမ့်ဆင်းသွားခြင်းမဟုတ်ဘဲ ရလဒ်ပိုင်းသာ ဆိုးရွားနေတာဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ၊ နောက်ခံလူ မက်ဂွိုင်းယားနဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းတို့ကို ခေါ်ယူခဲ့ပေမယ့်လည်း ရလဒ်ဆိုးတွေထဲက ရုန်းမထွက်နိုင်သေးတာပဲဖြစ်နေပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60163
တင်ဆက် - ဆက်ဝေယံနိုင်
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ