Surprise Me!

ဘဏ်ကောလာဟလများအပေါ် မစိုးရိမ်ကြရန် ဒေါ်အောင်ဆန်းစုကြည် မှာကြားထားဟုဆို

2019-09-06 0 Dailymotion

ဘဏ်ကောလာဟလများအပေါ် မစိုးရိမ်ကြရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား

#MizzimaTV

လတ်တလောဖြစ်ပေါ်နေတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကောလာဟလတွေအပေါ် ပြည်သူလူထုတွေအနေနဲ့ မစိုးရိမ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က မှာကြားလိုက်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာ ၅ရက်၊ ညပိုင်းက တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို မှာကြားလိုက်တာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ အုတ်တွင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ချိုချိုက ပြောပါတယ်။

ဘဏ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ နိုင်ငံပိုင်ရုပ်မြင်သံကြားတွေကနေ တာဝန်ရှိသူတွေက ပြန်လည်ဖြေရှင်းသွားဖို့ရှိကြောင်း မနေ့က တွေ့ဆုံပွဲမှာ ကြားသိခဲ့ရတယ်လို့လည်း ဆိုပါတယ်။

(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60288

Buy Now on CodeCanyon