အလုပ်ထုတ်ခံရသော အလုပ်သမားခေါင်းဆောင် လေးဦးကို ပြန်ခန့်ထားပေးရေး ဆန္ဒပြ

မီကိုကော်ဖီမစ်စက်ရုံမှ အလုပ်ထုတ်ခံထားရသည့် အလုပ်သမားခေါင်းဆောင် လေးဦးကို အလုပ် ပြန်လည် ခန့်ထားပေးရေးအတွက် စက်ရုံရှေ့တွင် စက်တင်ဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီ၌ အလုပ်သမားများက တောင်းဆိုဆန္ဒပြလျှက် ရှိသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြား၊ ကနောင်မင်းသားကြီးလမ်းရှိ မီကို ကော်ဖီမစ် စက်ရုံမှ အလုပ်သမားခေါင်းဆောင် လေးဦးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ဖောက်ဖျက်သည်ဟုဆိုကာ အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။
ရိုက်ကူး - ကိုကိုအောင်
တင်ဆက် - ဆက်ဝေယံနိုင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60532
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ