ဧရာဝတီတိုင်းဒေသကြီး ၁၈နေရာတွင် မိုးလေ၀သအခြေအနေ တိုင်းတာရေး စက်များတပ်မည်

ဧရာဝတီတိုင်းဒေသကြီး ၁၈နေရာတွင် မိုးလေ၀သအခြေအနေ တိုင်းတာရေး စက်များ တပ်ဆင်ရေး လုပ်ဆောင်နေကြောင်း လျှပ်စစ် စွမ်းအင် စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေး ကပြောသည်။

“အလိုလျှောက် မိုးလေ၀သအခြေအနေများ တိုင်းတာရေးကိရိယာများကို အာရှဖွံဖြိုးရေးဘဏ်ရယ်၊ ကမ္ဘာ့ဘဏ်အစီအစဉ်နှစ်ခုနှင့်ဆောင်ရွက်နေပါတယ်။ အာရှဖွံဖြိုးရေးဘဏ် ငပုတော၊ ရေကြည်၊ ၀ါးခယ်မ၊ ဖျာပုံတို့ အပါ ၁၁နေရာမှတပ်မယ်။ ကမ္ဘာဘဏ်နဲ့ဆိုရင် ၇ နေရာ တပ်မယ်။ ဒီဟာတပ်လိုက် မယ်ဆို မိုးရေချိန်၊ အပူချိန်၊ စိုထိုင်းစ၊ လေတိုက်နှုန်း၊ လေလာရာအရပ်တွေကို သိရမယ်”ဟု လျှပ်စစ် စွမ်းအင် စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးကပြောသည်။

ထိုသို့ စက်များတပ်ဆင်ထားကြောင့် ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေနိုင်ပြီး သဘာဝဘေးဖြစ်လာပါက ရင်ဆိုင်တုံ့ ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်နိုင်ကြောင်း သိရ သည်။

ရိုက်ကူး-စည်သူမောင်မောင်