Surprise Me!

Myanmar Christian Movie Trailer (မြို့တော် ကျဆုံးလိမ့်မည်) God's Warning of the Last Days

2019-10-24 8 Dailymotion

ခရစ်ယာန်ချန်းဟွီကျီသည် တရုတ်ပြည်မှ နေအိမ်တွင်းဘုရားကျောင်းတစ်ခုတွင် လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဖြစ်လေသည်။ သူမ၏အသင်းတော်သည် အလုပ်ရုံတစ်ခုဖွင့်လှစ်ပြီး သင်းအုပ်ဆရာက ယုံကြည်သူတို့ကို တရုတ်ကွန်မြူနစ်ပါတီအစိုးရထံ အရှုံးပေးကာ ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်ထဲသို့ ဝင်ရောက်ရန် တိုက်တွန်းနေသည်ကို သူမမြင်တွေ့ရသည်။ အသင်းတော်၏ သင်းအုပ်ဆရာနှင့် အကြီးအကဲတို့သည် သူတို့ကိုယ်ပိုင် ရာထူးနေရာနှင့် နာမည်တို့အတွက် သိသိသာသာရော မသိမသာပါ လှုပ်ရှားကြပြီး၊ မနာလိုဝန်တိုမှုကြောင့် ရုန်းကန်ကြသလို အသင်းတော်ကို ခွဲလေသည်။ တရုတ်ကွန်မြူနစ်ပါတီနှင့် အင်အားခြင်း ပူးပေါင်းပြီး အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ဆန့်ကျင်ကြပြီး ၎င်းကို ယုံကြည်သူတို့မစူးစမ်းရန် တားမြစ်ထားသည်။ နိုင်ငံတော်၏ ဧဝံဂလိတရားတော်ကို ဟောကြားကြသော ညီအစ်ကိုမောင်နှမတို့ကို ရဲတပ်ဖွဲ့ထံ လုပ်ကြံသတင်းပို့ပြီး ဖမ်းဆီးစေသည်။ ချန်းဟွီကျီသည် ပြင်းစွာ သောကရောက်တော့သည်။ အသင်းတော်သည် သန့်ရှင်သောဝိညာဉ်တော်၏ အမှုတော်ပျောက်ဆုံးပြီးဖြစ်ပြီး သခင်၏ကျိန်ခြင်းအမင်္ဂလာနှင့် ပုတ်ခတ်ဝေဖန်ခြင်းခံခဲ့ရသော ဗာဗုလုန်မြို့ကြီးကဲ့သလို့ ဘာသာရေးနေရာတစ်ခုအဖြစ် ဆုတ်ယုတ်သွားပြီဟု သူမ နားလည်သဘောပေါက်လိုက်သည်။ ထို့နောက် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို စူးစမ်းလေ့လာရန်နှင့် ဘုရားသခင်၏အမှုတော်နှင့် ပေါ်ထွန်းခြင်းတို့ကို ရှာဖွေရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ပြိုလဲလုနီးပြီဖြစ်တဲ့ ဘာသာရေးကိုင်ရှိုင်းသော ဗာဗုလုန်မြို့ကြီးမှ လွတ်မြောက်နိုင်ပါ့မလား။

ဆောင်ရွက်မှုများ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း
https://my.kingdomsalvation.org/

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Buy Now on CodeCanyon