ခန္တီးခရိုင်တရားရုံးက NSCN-K မှ ခေါင်းဆောင် ၅ ဦး အပါ အဖွဲ့ဝင် ၁၁ ဦးကို ထောင် ၂ နှစ်စီ ချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်တရားရုံးက နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K) မှ ခေါင်းဆောင် ၅ ဦးအပါ အဖွဲ့ဝင် ၁၁ ဦးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ ချမှတ် လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရသူများကတော့ NSCN-K က သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တော ရေးရာဝန်ကြီး ဦးအန်ကန့်၊ ပြည်ထဲရေးဝန်ကြီး ဦးအန်မိုင်း၊ ဗဟိုကော်မတီဝင်များဖြစ်သည့် ဒုဗိုလ်မှူးကြီး အောင်ဆိုင်း၊ ဦးစောထင်တို့ အပါအဝင် ၁၁ ဦးကို ချမှတ်လိုက်ခြင်း ဖြစ်သည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62477
တည်းဖြတ် - ဝေမင်းဟန်
(zawgyi)


တည်းဖြတ် - ဝေမင်းဟန်