မူးယစ်ကင်းစင်ရေးအတွက် ရည်ရွယ်ကာ ကျောင်းသား(၁၀၀) ခန့်ကို အခြေခံဘောလုံးနည်းစနစ်များ ပြသ

မူးယစ်ကင်းစင်ရေးအတွက် ရည်ရွယ်ကာ Community championship ဘောလုံးသင်တန်းကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အမေရိကန်သံရုံးတို့ ပူးပေါင်း၍ နိုဝင်ဘာလ (၁၃)ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတုကွင်းမှာ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် အမေရိကန်နိုင်ငံသား ဘောလုံးနည်းပြနှစ်ဦးဖြစ်သော လီဆာဘတ်ဂ် Lisa Berg၊ ဂျွန်နီကောလင်း Johny Collins ၊ မြန်မာဘောလုံးအသင်းနည်းပြများ ဖြစ်ကြသော ဦးမျိုးလှိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်းတို့က တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ လူငယ် ၁၀၀ခန့်ကို အခြေခံဘောလုံးနည်းစနစ်နဲ့ ကစား နည်းများကို တစ်ရက်တာ သင်ကြား ပြသသွားခဲ့သည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/62807
ရိုက်ကူး/တည်းဖြတ် - ဆုမြတ်မေဇော်
(zawgyi)
