Surprise Me!

ယမကာထုတ်လုပ်နေသော Myanmar Distillery ကုမ္ပဏီကို Grand Royal အဖြစ် အမည်ပြောင်းလဲ

2019-11-14 1 Dailymotion

ယမကာထုတ်လုပ်နေသော Myanmar Distillery ကုမ္ပဏီကို Grand Royal အဖြစ် အမည်ပြောင်းလဲ

ယမကာစျေးကွက်အတွင်းမှာ Grand Royal အမည်ဖြင့် ယမကာထုတ်လုပ်လျက်ရှိသော Myanmar Distillery Co., Ltd ကို Product နံမည်ပါဝင်တဲ့ Grand Royal Group International Co., Ltd အမည်အဖြစ် တရားဝင်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း နိုဝင်ဘာလ(၁၄)ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကြေညာခဲ့ပါတယ်။

အဆိုပါအမည်နဲ့ စားသုံးသူတွေကို အကောင်းဆုံးဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး စီးပွားရေး အကူအညီ တွေနဲ့ မြန်မာနိုင်ငံအနှံ့အပြားက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ လူမှုအကျိုးပြုလုပ်ငန်းတွေကို တိုးမြှင့်လုပ်ကိုင်သွားမယ်လို့ Grand Royal Group International Co Ltd မှ တွဲဖက်ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က ဆိုပါတယ်။

ယင်းကုမ္ပဏီဟာ (၂၀၀၈)ခုနှစ်က စတင်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့သန့်စင်သော သောက် သုံးရေရရှိရေး စီမံကိန်း၊ လူ (၈)သောင်းကို အခမဲ့မျက်စိကုသပေးတဲ့ ကျန်းမာရေး စီမံကိန်း၊ နိုင်ငံတော် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီတဲ့ စီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီ ထောက်ပံ့တဲ့ စီမံကိန်းတွေကို လုပ်ကိုင်လျက်ရှိပါတယ်။

Grand Royal ကုန်အမှတ်တံဆိပ်ကို ၁၉၉၅ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ယာမကာ နယ်ပယ်မှာ ဆယ်စုနှစ် နှစ်စုကြာ ရပ်တည်လျက်ရှိပါတယ်။

၂၀၁၈ခုနှစ်အတွက် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး ယာမကာထုတ်ကုန် အမျိုး(၁၀၀)မှာ အဆင့်(၃၈) သတ်မှတ်ခံခဲ့ပါတယ်။

ရိုက်ကူးတည်းဖြတ်-ဆုမြတ်မေဇော်

( ZawGyi )

ယမကာထုတ္လုပ္ေနေသာ Myanmar Distillery ကုမၸဏီကို Grand Royal အျဖစ္ အမည္ေျပာင္းလဲ

ယမကာေစ်းကြက္အတြင္းမွာ Grand Royal အမည္ျဖင့္ ယမကာထုတ္လုပ္လ်က္ရွိေသာ Myanmar Distillery Co., Ltd ကို Product နံမည္ပါဝင္တဲ့ Grand Royal Group International Co., Ltd အမည္အျဖစ္ တရားဝင္ေျပာင္းလဲ သတ္မွတ္လိုက္ေၾကာင္း ႏိုဝင္ဘာလ(၁၄)ရက္ေန႔က ဆီဒိုးနား ဟိုတယ္မွာ ေၾကညာခဲ့ပါတယ္။

အဆိုပါအမည္နဲ႔ စားသုံးသူေတြကို အေကာင္းဆုံးဝန္ေဆာင္မႈေပးသြားမွာျဖစ္ၿပီး စီးပြားေရး အကူအညီ ေတြနဲ႔ ျမန္မာႏိုင္ငံအႏွံ႔အျပားက ေဝးလံေခါင္ဖ်ားတဲ့ ေဒသေတြမွာ လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို တိုးျမႇင့္လုပ္ကိုင္သြားမယ္လို႔ Grand Royal Group International Co Ltd မွ တြဲဖက္ဥကၠ႒ ဦးေအာင္မိုးေက်ာ္က ဆိုပါတယ္။

ယင္းကုမၸဏီဟာ (၂၀၀၈)ခုႏွစ္က စတင္ၿပီး လူမႈအက်ိဳးျပဳလုပ္ငန္းေတြျဖစ္တဲ့သန႔္စင္ေသာ ေသာက္ သုံးေရရရွိေရး စီမံကိန္း၊ လူ (၈)ေသာင္းကို အခမဲ့မ်က္စိကုသေပးတဲ့ က်န္းမာေရး စီမံကိန္း၊ ႏိုင္ငံေတာ္ အားကစား ဖြံ႕ၿဖိဳးတိုးတက္ေရးကို ပံ့ပိုးကူညီတဲ့ စီမံကိန္း၊ ေဘးဒဏ္သင့္ျပည္သူေတြကို ကူညီ ေထာက္ပံ့တဲ့ စီမံကိန္းေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။

Grand Royal ကုန္အမွတ္တံဆိပ္ကို ၁၉၉၅ခုႏွစ္က စတင္ထုတ္လုပ္ခဲ့ၿပီး ျမန္မာႏိုင္ငံရဲ႕ ယာမကာ နယ္ပယ္မွာ ဆယ္စုႏွစ္ ႏွစ္စုၾကာ ရပ္တည္လ်က္ရွိပါတယ္။

၂၀၁၈ခုႏွစ္အတြက္ ကမာၻ႔တိုးတက္မႈအျမန္ဆုံး ယာမကာထုတ္ကုန္ အမ်ိဳး(၁၀၀)မွာ အဆင့္(၃၈) သတ္မွတ္ခံခဲ့ပါတယ္။

႐ိုက္ကူးတည္းျဖတ္-ဆုျမတ္ေမေဇာ္

Buy Now on CodeCanyon