ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲ နှင့် အရောင်းပွဲတော်ကျင်းပမည်

ပန်းပုရုပ်ပေါင်းနှစ်သောင်းကျော်ပါဝင်ပြသမည့် ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော်ကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း KMA Foundation မှသိရသည်။

ပန်းပုပညာရှင်များ၏ လက်ရာများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပန်းပုပြိုင်ပွဲများကို ၂၀၀၉ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကမ္ဘာ့အကြီးဆုံးသစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော်ကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ပဲခူး ၁၀ မိုင်ကုန်းရှိ Shwe Pyi Resort တွင် ဝင်ကြေး အခမဲ့ဖြင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲသည် အဋ္ဌမအကြိမ်မြာက် ပြုလုပ်သည့် ပွဲလည်း ဖြစ်သည်။

ရိုက်ကူး/တင်ဆက်- ဟိန်းသက်ဦး

( ZawGyi )




