နှစ် ၇၀ ပြည့်မြောက် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်

အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း နှစ် ၇၀ ပြည့်မြောက်အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ရှိ အိန္ဒိယ သံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနား ကို နံနက်ပိုင်းနှင့် ညနေပိုင်းဟူ၍ နှစ်ပိုင်းခွဲကာ ကျင်းပခဲ့ပြီး နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Shri Saurabh Kumar ဦးဆောင်၍ သံရုံးဝန်ထမ်းများ နှင့် အတူ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနိဒါန်းပိုင်းကို ဖတ်ကြားခဲ့ကြသည်။
ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Shri Saurabh Kumar ကအိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေစတင်ပြဋ္ဌာန်းနိုင်ခဲ့မှု သမိုင်းကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နေ့တွင် အိန္ဒိယနိုင်ငံအတွင်း ပညာရေးနှင့်စာတတ်မြောက်မှု ဦး စီးဌာန အောက်ရှိ ကျောင်းများအားလုံး၌ ကျောင်းသူကျောင်းသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏နိဒါန်း ကို ဖတ်ကြားရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကျင်းပကာ နိုင်ငံအသီးသီးရှိ အိန္ဒိယ သံရုံးများ၌လည်း အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပပြုလုပ်ကြသည်ဟု သိရသည်။

ရိုက်ကူး/တည်းဖြတ် - ဟိန်းသက်ဦး
(zawgyi)
ႏွစ္ ၇၀ ျပည့္ေျမာက္ အိႏၵိယႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒေန႔ အထိမ္းအမွတ္ က်င္းပျပဳလုပ္

အိႏၵိယႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒ အျဖစ္ အတည္ျပဳ ျပ႒ာန္းခဲ့ျခင္း ႏွစ္ ၇၀ ျပည့္ေျမာက္အခမ္းအနားကို ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ အိႏၵိယ သံ႐ုံးတြင္ က်င္းပျပဳလုပ္ခဲ့သည္။
အဆိုပါ အခမ္းအနား ကို နံနက္ပိုင္းႏွင့္ ညေနပိုင္းဟူ၍ ႏွစ္ပိုင္းခြဲကာ က်င္းပခဲ့ၿပီး နံနက္ပိုင္းတြင္ ျမန္မာႏိုင္ငံ ဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Mr. Shri Saurabh Kumar ဦးေဆာင္၍ သံ႐ုံးဝန္ထမ္းမ်ား ႏွင့္ အတူ အိႏၵိယႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒနိဒါန္းပိုင္းကို ဖတ္ၾကားခဲ့ၾကသည္။
ညေနပိုင္းတြင္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Mr. Shri Saurabh Kumar ကအိႏၵိယႏိုင္ငံ၏ ဖြဲ႕စည္းပုံ အေျခခံဥပေဒစတင္ျပ႒ာန္းႏိုင္ခဲ့မႈ သမိုင္းေၾကာင္းကို ရွင္းလင္းတင္ျပခဲ့သည္။
အိႏၵိယႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒ ေန႔တြင္ အိႏၵိယႏိုင္ငံအတြင္း ပညာေရးႏွင့္စာတတ္ေျမာက္မႈ ဦး စီးဌာန ေအာက္ရွိ ေက်ာင္းမ်ားအားလုံး၌ ေက်ာင္းသူေက်ာင္းသားမ်ားအေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏နိဒါန္း ကို ဖတ္ၾကားရၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဉာဏ္စမ္းပေဟဠိ ၿပိဳင္ပြဲမ်ားက်င္းပကာ ႏိုင္ငံအသီးသီးရွိ အိႏၵိယ သံ႐ုံးမ်ား၌လည္း အိႏၵိယႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံ ဥပေဒေန႔ အထိမ္းအမွတ္ပြဲမ်ားကို က်င္းပျပဳလုပ္ၾကသည္ဟု သိရသည္။

႐ိုက္ကူး/တည္းျဖတ္ - ဟိန္းသက္ဦး