Surprise Me!

DVB Debate Report:"Military power will be continuing even after 2015"

2016-08-19 1 Dailymotion

အခုအပတ်ပြုလုပ်သွားခဲ့တဲ့ ဒီဘိတ်ကတော့ ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ဘယ်လိုဖြစ်ပေါ်လာ
မလဲဆိုတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ၄ လလောက်သာလိုတော့တဲ့အချိန်မှာ ရွေးကောက်ပွဲအလွန်
မြန်မာ့နိုင်ငံရေးအပေါ် လက်၇ှိအခင်းအကျင်း နဲ့ နောင်ဖြစ်လာနိုင်ခြေတွေကို အခြေအတင် ဆွေးနွေးသုံးသပ် သွားကြတာဖြစ်ပါတယ်။ ဒီပွဲမှာ အဓိကဆွေးနွေးသူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာသောင်းထွန်းက ၂၀၁၅
အလွန်မှာ စစ်တပ်ရဲ့အခန်းကဏ္ဍ သြဇာဟာ ဆက်ရှိနေအုံးမှာဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိ စစ်တပ်အသွင်ပြောင်း သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထပ်မှာ ကတိက၀တ်တွေ များစွာနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာခဲ့ပါတယ်။
ဒါပေမယ့် အစိုးရအဖွဲ့ရဲ့ အရည်အသွေးအားနည်းမှုနဲ့ စစ်တပ်ရဲ့ပါဝင်ပတ်သတ်မှုကို လျှော့ချနိုင်ခြင်းမရှိတာကြောင့် အပြောင်းအလဲတွေဟာ ထင်သလောက်ခရီးမပေါက်ခဲ့တာကိုတွေ့ရပါတယ်။
၂၀၁၅ အလွန်မှာလည်း ဘယ်ပါတီ ဘယ်အုပ်စုတွေ အများစုအနိုင်ရပြီး ဘယ်သူတွေက သမ္မတဖြစ်လာမလဲဆိုတာ နဲ့ လွှတ်တော်တွင်းကို ပြည်သူကိုယ်စားပြုကိုယ်စားလှယ်တွေ ဘယ်လောက်လွှမ်း
မိုးနိုင်မလဲဆိုတဲ့အပေါ်မှာ အကြေအလည်ဖြစ်ခဲ့ကြပါတယ်။
ဒါ့အပြင် ၂၀၁၅ အလွန်တက်လာမယ့် အစိုးရအနေနဲ့ လက်ရှိ မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်
မှုလုပ်ငန်းတွေဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေတဲ့အပေါ်မှာလည်းဆွေးနွေးသွားခဲ့ကြပါတယ်။

Buy Now on CodeCanyon