ယခုအပတ်ဒီဗီဘီ ဒီဘီတ်ကို မြန်မာနိုင်ငံရဲ့ရှေးဟောင်းမြို့တော်တည်ရှိရာပြည်မြို့မှာ သွားရောက်ပြီး
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ဘယ်လိုထိန်းသိမ်းကြမလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်သွားခဲ့တာ
ဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ်တွေများစွာကျန်ရှိတဲ့မြန်မာ့အမွေအနှစ်တွေဟာ အဆက်ဆက်
အစိုးရတွေရဲ့ လွဲမှားတဲ့စီမံခန့်ခွဲတွေနဲ့ ၀ိသမလောဘသမားတွေကြောင့် ခုချိန်မှာ အတော်များများ
ပျက်ဆီးပျောက်ဆုံးကုန်ပြီလို့ ဒီပွဲမှာအဓိက၀င်ရောက်ဆွေးနွေးသူဖြစ်တဲ့ သုတေသနပညာရှင် ဦးဘုန်း
တင်းကျော်ကဆိုပါတယ်။
ဒီအပေါ်မှာတော့ တက်ရောက်ဆွေးနွေးတဲ့သူအားလုံးက ပြန်လည်ချေပခြင်မရှိဘဲအများဖြင့်သဘောတူလက္ခံခဲ့ကြ ပါတယ်။ ယခုအပတ်ဒီဘိတ်မှာ သက်ဆိုင်ရာ ရှေးဟောင်းသုတေသနဌာနတာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ ပေမယ့် လာရောက်ဆွေးနွေးခဲ့ခြင်းမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ ပျူခေတ်ကစလို့ ပုဂံခေတ်အပါအ၀င် နောက်ဆုံး ကုန်းဘောင်ခေတ်တိုင်အောင် ကိုယ့်ထီးကိုယ့်နန်း၊ကိုယ့်ယဉ်ကျေးမှုနဲ့ ရှိတည်လာခဲ့တဲ့အလျှောက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ပေါများတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါတွေကို စနစ်တကျထိန်းသိမ်းဖို့ကို
တော့ အစိုးရမှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ တက်ရောက်ဆွေးနွေးသူတစ်ဦးက အခိုင်အမာဆွေးနွေးပါတယ်.
ပြင်ပကနေ ပါဝင်ဆွေးနွေးတဲ့ သမိုင်းသုတေသီ ဦးကျော်စိန်ဝင်းကတော့ ရှေးဟောင်းပစ္စည်းတွေကို အဓိက
စုဆောင်းထိန်းသိမ်းသူတွေဟာ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေဖြစ်ပြီး သူတို့တွေဟာ သတင်းကြားတာနဲ့ အပြေးအလွှား လာရောက်ဝယ်ယူကြတယ်လို့ထောက်ပြဆွေးနွေးပါတယ်။ ဒေသခံတွေအနေနဲ့ နယ်မြေအလိုက် သမိုင်းဆိုင်ရာအဖွဲ့လေးတွေဖွဲ့ပြီး မှတ်တမ်းတင်တာ၊ ဆွေးနွေးတာ၊ ထိန်းသိမ်းစောင့်ရှောက်တာ တွေ လုပ်နိုင်ရင် ကောင်းမယ်လို့လည်း သူက ဖြည့်စွက်ပါတယ်။