Surprise Me!

DVB Debate Report: 'No side wins in this riot'

2016-08-19 18 Dailymotion

သပိတ်မှောက် ဆန္ဒဖော်ထုတ်နေတဲ့ ကျောင်းသားတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေအကြားဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဖြိုခွင်းမှုမှာ ကျောင်းသားတွေဘက်က ရည်ရွယ်ချက်ပြောင်းသွားတာကြောင့်လို့ဆိုတဲ့အပေါ်
အခုအပတ် ဒီဘိတ်မှာ အကြေအလည်ဖြစ်ခဲ့ကြပါတယ်။ အခုအပတ်ဒီဘိတ်ကို ဒီကနေ့ အဓိကရုန်းဖြိုခွင်းမှုတွေ ဟာ ဥပဒေနဲ့အညီဖြစ်ရဲ့လားဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
လက်ပံတန်းဖြိုခွင်းမှုမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေရဲ့ ကိုင်တွယ်မှုဟာ ဥပဒေ နဲ့အညီမဖြစ်ဘဲ ဘောင်ကျော်နေ
တယ်ဆိုတဲ့အပေါ် တက်ရောက်သူအားလုံးက လက်က္ခံသဘောတူခဲ့ကြပါတယ်။ အခုလိုဖြိုခွင်းမှုနဲ့ပတ်
သတ်ပြီး ဥပဒေနဲ့အညီလုပ်တာဖြစ်တယ်လို့ပြောဆိုသူ အစိုးရထိပ်ပိုင်းတာဝန်ရှိသူတွေကို ဒီဗီဘီ ဒီဘိတ်
က ဖိတ်ခေါ်ခဲ့ပေမယ့် လာရောက်ဆွေးနွေးခဲ့ခြင်းမရှိခဲ့ပါဘူး။ အစိုးရတာဝန်ရှိသူတွေရည်ညွန်းခဲ့တဲ့ ဥပဒေဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၁၂၇၊ ၁၂၈ ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီ လက်ထပ်မှာကျင့်သုံး ခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကျောင်းသားတွရဲ့ဆန္ဒပြမှုတွေမှာ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားတွေဘက်ကနိုင်တယ်ဆို
တဲ့ အမြင်တွေရှိနေသလို အစိုးရကနိုင်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ ဒါနဲ့ပတ်သတ်ပြီး
တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးကတော့ ဒီပွဲမှာ ကျောင်းသားရော အစိုးရပါ မရှုမလှရှုံးတယ်
လို့ အခိုက်အမာမှတ်ချက်ပေးပြောဆိုသွားပါတယ်။

Buy Now on CodeCanyon