AA ၏ ထိုးစစ်အတွက် အကောင်းဆုံး ခံစစ်ပြင်ဆင်ထားဟု ရဲမှူးချုပ်မြင့်တိုး ပြော

နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း(၄)ခုကို ရက္ခိုင့်အဖွဲ့(AA) မှ ဝင်ရောက်တိုက်ခိုက်ပြီးနောက် AA ဘက်မှ ထပ်မံ ထိုးစစ်ဆင်လာနိုင် သည့်အတွက် ခံစစ်ကို အကောင်းဆုံး ပြင်ဆင်ထားသည်ဟု အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုးက မဇ္ဈိမသို့ ပြောသည်။

“ သတင်းထောက်လှမ်းရမယ်။ နယ်မြေရှင်းလင်းရမယ်။ လိုအပ်လို့ရှိရင် ခံစစ်ကတော့ အကောင်းဆုံးပြန်ပြီး ပြင်ဆင်ထားပါတယ် “ ဟု ၄င်းက ဆိုသည်။

ရိုက်ကူး-စိုးသူအောင်

တည်းဖြတ်-ဇေယျာမော်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/53703